About

ကျွန်ုပ်တို့ PANDORA ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တို့တွင် ၂၀၁၂ ခုနှစ်မှစပြီး ဝန်ထမ်းအင်အား (၅) ဦးဖြင့်သာ စတင် တည်ထောင် ခဲ့ပြီး ယခုအချိန်တွင် ဝန်ထမ်းဦးရေ (၁၄၀) ကျော် ဖြင့် မြန်မာတစ်နိုင်ငံ လုံးသို့ ဆောက်လုပ်ရေးသုံး ပစ္စည်း အမျိုးမျိုးကို ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။

၂၀၁၄ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းများကို ထပ်မံ ချဲ့ ထွင် ပြီး PANDORA အရောင်းပြခန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် PVC ပြတင်းပေါက်များ ထုတ်လုပ်သည့် စက်ရုံကို တည်ထောင်ခဲ့ပါသည်။

ကျွန်ုပ်တို့ Pandora Company အနေဖြင့် မြန်မာပြည်နှင့် သင့်တော်ပြီး အရည်အသွေး ကောင်းမွန်သော ဆောက်လုပ်ရေးသုံး ပစ္စည်းအမျိုးမျိုး ကို အိမ်နီးချင်းနိုင်ငံများမှ မှာယူတင်သွင်းပြီး မြန်မာ တစ်ပြည်လုံးသို့ (လက်လီ၊လက်ကား အရောင်း) စီမံကိန်း အရောင်းများဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခု စလုံးသို့ ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။

ကျွန်ုပ်တို့ Company မှ Ygn နှင့် Mdy တို့တွင် ကုန်ပစ္စည်းသိုလှောင်ရန် ဂိုထောင် အလုံးရေ (၇)လုံး ရှိပြီး အကျယ်အဝန်း ဧရိယာ စုစုပေါင်း (၉၀၀၀၀) အထိ တိုးချဲ့ တည်ဆောက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့ လက်ရှိ ဖြန့်ဖြူးရောင်းချနေသော ကုန်ပစ္စည်းများမှာ – Panel World Brand (Gypsum Board, Plywood, Glass Wool, PVC Panel) Lotus Brand (Glass Block), PARA Wall Putty, များဖြစ်ကြပြီး အချို့ပစ္စည်းများသည် Market Leader အဖြစ်ရပ်တည်နေခဲ့ပါသည်။

အရည်အသွေး ကောင်းမွန်လှပသော ဒီဇိုင်းနှင့် သင့်တော်သော ဈေးနှုန်းများသည် ကျွန်ုပ်တို့ PANDORA Co., Ltd ၏ အဓိက အားသာချက်ပင်ဖြစ်ပါသည်။

Pandora ပစ္စည်းများဖြစ်ကြသော EAGO, I;Life နှင့် Hutlon , Door Locks အမှတ်တံဆပ် ရေချိုးခန်းသုံး ထုတ်ကုန် ပစ္စည်းများကို မြန်မာပြည်၏ အရောင်းကိုယ်စားလှယ်အဖြစ် ရပ်တည် နေခဲ့ ပါသည်။

ကျွန်ုပ်တို့ Pandora company အနေဖြင့် ၂၀၁၅-၂၀၁၆ ၊၂၀၁၆-၂၀၁၇ ၊၂၀၁၇-၂၀၁၈ နှစ်များတွင် မြန်မာ တနိုင်ငံလုံး အဆင့် အခွန်ထမ်း ကြီး (၁၀၀၀) စာရင်း တွင်ပါဝင်ခဲ့ပါသည်။

Mission

မြန်မာနိုင်ငံ နှင့် သင့်တော် သော Valuable Product များကို စဉ်ဆက်မပြတ် တင်သွင်းရောင်းချပေးနိုင်

Vision

မြန်မာပြည်တွင် Construction Product များဖြန့်ဖြူးရာတွင် အောင်မြင်သော Distribution Company ဖြစ်ရန်

2
3
1
4