ဂဟေဆက်ရာမှာ ဝရိန်ချောင်းရွေးချယ်မှုက ဘာကြောင့်အရေးကြီးသလဲ?

ဂဟေဆက်ရာမှာ ဝရိန်ချောင်းရွေးချယ်မှုက ဘာကြောင့်အရေးကြီးသလဲ?
September 16, 2023

ဂဟေဆက်ခြင်း ဆိုတာကတော့ သင့်တော်တဲ့ သတ္တုအမျိုးအစား၊ အပူချိန်၊ ဖိအား တို့ပေါ် မူတည်ပြီး သတ္တုနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ပေးတဲ့ နည်းစဉ်ပါတဲ့။

မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ ၀ရိန်ချောင်းကို ရွေးချယ်တဲ့အခါ သိထားရမှာက…

လျှပ်စီးကြောင်းနည်းပြီး ဝရိန်ချောင်းကြီးနေရင် ဝရိန်ချောင်းက ကပ်နေတတ်ပါတယ်။ လျှပ်စီးကြောင်းများပြီး ဝရိန်ချောင်းသေးနေရင်လည်း ထိန်းရခက်စေပါတယ်။

ဒါကြောင့် မိမိဆက်လိုတဲ့ 𝐌𝐞𝐭𝐚𝐥 အမျိုးအစားပေါ်မူတည်ပြီးတော့ မှန်ကန်တဲ့ ဝရိန်ချောင်းအမျိုးအစားကို ရွေးချယ်ဖို့ လိုပါတယ်။

𝐏𝐚𝐧𝐝𝐨𝐫𝐚ကနေ လက်ရှိတင်ပို့ ဖြန့်ချိလိုက်တဲ့ 𝐇𝐞𝐫𝐨တံဆိပ် ၀ရိန်ချောင်း အမျိုးအစားတွေက 𝐄𝟔𝟎𝟏𝟑နဲ့ 𝐉𝟒𝟐𝟐ဆိုပြီး (၂)မျိုး ရှိပါတယ်။

𝐄𝟔𝟎𝟏𝟑က အပျော့စား-သံမဏိ (ကာဗွန်သံမဏိ) ဖြစ်ပြီး 𝐩𝐨𝐬𝐢𝐭𝐢𝐨𝐧အားလုံးနှင့် သင့်တော်ကာ ပါးလွှာတဲ့ သတ္တုအပိုင်းတွေကို ဆက်ရာမှာ အသုံးပြုနိုင်ပါတယ်။

𝐀𝐂 နဲ့ 𝐃𝐂 𝐰𝐞𝐥𝐝𝐢𝐧𝐠 𝐜𝐮𝐫𝐫𝐞𝐧𝐭တွေမှာအပြင် ဗို့အားနိမ့် 𝐀𝐂 စက်တွေမှာတောင် ကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။ ၀ရိန်ကျွမ်းကျင်သူပဲဖြစ်ဖြစ် ခုမှစတင်လုပ်ကိုင်သူပဲဖြစ်ဖြစ် အသုံးပြုရတာ လွယ်ကူအဆင်ပြေပါတယ်။

𝐉𝟒𝟐𝟐က တိုက်တေနီယမ် ကယ်လ်စီယမ် အလွှာပါရှိတဲ့ ကာဗွန်သံမဏိ ၀ရိန်ချောင်း ဖြစ်ပါတယ်။ သူလည်း 𝐀𝐜 နဲ့ 𝐃𝐜 𝐰𝐞𝐥𝐝𝐢𝐧𝐠 𝐜𝐮𝐫𝐫𝐞𝐧𝐭တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

ခိုင်ခံ့ပြီး တာရှည်ခံတဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပေါ်စေဖို့ ဂဟေဆော်သူများအတွက် စံပြရွေးချယ်မှုတစ်ခုဖြစ်တာ 𝐇𝐞𝐫𝐨 တံဆိပ် ၀ရိန်ချောင်းတွေပါ။